Инструкция регистратор для видеонаблюдения Hikvision iDS-7332HUHI-M4/S

Страница 44 (стр. 44 из 46)

Бренд: Hikvision

Страница 44 документа Регистратор для видеонаблюдения Hikvision iDS-7332HUHI-M4/S. Раздел: Видеонаблюдение. Бренд: Hikvision.

Текст страницы

● ဘက်ထရီကို ပေါက်ကွဲမှု ဖြစ်ပေါ်စေနိုင်သည့် မီးအတွင်းသို့၊ သို့မဟုတ် မီးဖိုအတွင်း၊ သို့မဟုတ် စက်ပစ္စည်းသုံး

ထုခြေခြင်း၊ သို့မဟုတ် ဖြတ်တောက်ခြင်း ဖြင့် မစွန့်ပစ်ပါနှင့်။

● ဘက်ထရီကို အလွန်အမင်း မြင့်မားသည့် အပူချိန်ရှိသည့် ပတ်ဝန်းကျင်တွင် မထားပါနှင့်၊ ပေါက်ကွဲမှု ဖြစ်နိုင်သည်

သို့မဟုတ် မီးလောင်လွယ်သည့် အရည် သို့မဟုတ် ဓာတ်ငွေ့များ ထွက်လာနိုင်သည်။

● ဤဘက်ထရီကို အလွန်နိမ့်သည့် လေဖိအားနှင့် ထိတွေ့ခြင်း မရှိစေရ၊ ပေါက်ကွဲမှု ဖြစ်နိုင်သည် သို့မဟုတ်

မီးလောင်လွယ်သည့် အရည် သို့မဟုတ် ဓာတ်ငွေ့များ ထွက်လာနိုင်သည်။

● သုံးစွဲပြီး ဘက်ထရီများကို ညွှန်ကြားထားသည့်အတိုင်း စွန့်ပစ်ပါ

● ကိုယ်ထည် အစိတ်အပိုင်းများကို ပန်ကာရွက်နှင့် မော်တာများမှ ဝေးဝေးတွင် ရှိပါစေ။ ကြံ့ခိုင်မှုစစ်ဆေး

ပြင်ဆင်ချိန်တွင် ပါဝါရင်းမြစ်ကို ဖြုတ်ထားပါ။

ကာကွယ်မှုနှင့် သတိပြုရန် အကြံပေးချက်များ

သင့်ကိရိယာကို မချိတ်ဆက်မီနှင့် အသုံးမပြုမီ ကျေးဇူးပြု၍ အောက်ပါ အကြုံပြုချက်များကို လက်ခံပါ။

● ကိရိယာကို အဆောက်အဦတွင်း အသုံးပြုရန်အတွက်သာ ဒီဇိုင်း လုပ်ထားသည်။ ယင်းကို အရည်များ မရှိသော

ဖုန်ကင်းစင်သည့် လေဝင်လေထွက် ကောင်းသော နေရာတွင် တပ်ဆင်ပါ။

● ရီကော်ဒါ စင်တစ်ခုခုတွင် အသေအချာ ခိုင်မြဲစွာ တပ်ဆင်ထားပါ။ အောက်သို့ပြုတ်ကျခြင်းကြောင့် ဖြစ်သော

ကြီးမားသည့် ရိုက်ခတ်မှု၊ သို့မဟုတ် တုန်လှုပ်မှုများသည် ရီကော်ဒါအတွင်းရှိ ထိရှလွယ်သော အီလက်ထရွန်နစ်

အစိတ်အပိုင်းများကို ပျက်စီးစေနိုင်သည်။

● ကိရိယာကို ရေစက်ကျခြင်းများ သို့မဟုတ် ရေဖြန်းပက်ခြင်းများနှင့် မထိတွေ့စေရဘဲ ပန်းအိုးကဲ့သို့သော

အရည်ဖြည့်ထားသော မည်သည့်အရာကိုမျှ ပစ္စည်းပေါ်တွင် မတင်ရပါ။

● မီးထွန်းထားသည့် ဖယောင်းတိုင်များ ကဲ့သို့သော အကာအကွယ်မရှိသည့် မီးအရင်းအမြစ်များကို

ကိရိယာအပေါ်တွင် မထားရပါ။

● လေဝင်လေထွက် အတားအဆီး မဖြစ်စေရန်အတွက် လေဝင်လေထွက် အပေါက်များကို သတင်းစာများ၊

စားပွဲခင်းများ၊ ကန့်လန့်ကာများ စသည်တို့နှင့် ပိတ်ကာထားခြင်း မပြုရပါ။ ကိရိယာကို အိပ်ယာ၊ ဆိုဖာ၊ ဖျာ

သို့မဟုတ် အခြားသော အလားတူမျက်နှာပြင်များပေါ် တင်ထားခြင်းဖြင့် ၎င်းလေဝင်လေထွက် အပေါက်များကို

မပိတ်စေရပါ။

● အချို့သော မော်ဒယ်များအတွက် မိန်း AC ပါဝါ နှင့် ဆက်သွယ်ရန်အတွက် တာမီနယ်များတွင် ဝါယာကြိုး တပ်ဆင်မှု

မှန်ကန်အောင် သတိပြုပါ။

● အချို့သော မော်ဒယ်များအတွက် ကိရိယာကို လိုအပ်ပါက IT ပါဝါ ဖြန့်ဝေမှု စနစ်နှင့် ဆက်သွယ်ရန်အတွက်

ပြင်ဆင်ထားရှိအောင် ဒီဇိုင်း လုပ်ထားသည်။

● သုံးစွဲသူ လက်စွဲတွင် သို့မဟုတ် သုံးစွဲသူ လမ်းညွှန်ချက်များ တွင် ဖော်ပြထားသော ပါဝါ ရင်းမြစ်များကိုသာ

အသုံးပြုပါ။

● မြင့်မားသည့် အပူချိန်အောက် (45 °C (113 °F) မှ 55 °C (131 °F))တွင် လုပ်ဆောင်ပါက၊ အချို့သော

ပါဝါအဒက်ပတာ၏ ပါဝါထောက်ပံ့မှုသည် လျော့နည်းသွားလိမ့်မည်။

စတင်ခြင်း

NVR/DVR ၏ သက်တမ်း ရှည်ကြာစေရန် မှန်ကန်သောစတင်မှုလုပ်ရန် အရေးကြီးသည်။

အဆင့် ၁ လျှပ်စစ်မီးခေါင်းတွင် ပါဝါခေါင်းကို တပ်ဆင်ပါ။

အဆင့် ၂ ပါဝါ ခလုတ်ကို နှိပ်ပါ။ (အချို့သော မော်ဒယ်များတွင် ပါဝါ ခလုတ်သည် အရှေ့ သို့မဟုတ် အနောက်

မျက်နှာပြင်တွင် ရှိသည်)။ ကိရိယာသည် စတင်လိမ့်မည်။

43